သရုပ်ဆောင်လွင်မိုးနှင့် အမျိုးသားနှစ်ဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထား အမှုဖွင့်သောတရားလိုကိုလည်း လက်နက်ကိုင်ဆောင်မှုဖြင့် အမှုဖွင့်


Monday, October 24, 2016

မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ် ကင်မွန်းချောင်းနယ်မြေရဲ စခန်းတွင် ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနှင့် အမျိုးသားနှစ်ဦးကို အောက်တိုဘာ ၁၄ ရက်က ပုဒ်မ လေးခုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အငြင်းပွားနေသော ကင်မွန်းချောင်းကျေးရွာရှိ မြေကွက်လပ် ၌ နေထိုင်လျက်ရှိသော ခြံစောင့်အလုပ်သမား အမျိုးသားသုံးဦးကို အောက်တိုဘာ ၁၃ ရက် တွင် လက်နက်ကိုင်လူတစ်စုက ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနှင့် အမျိုးသားနှစ်ဦး၏ ခိုင်းစေမှုဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဆိုကာ ကျိုက်ထိုမြို့နယ် တရားရုံး၌ အမှုဖွင့်ထားခြင်းဖြစ်သည်။
ကော့မူခူလီမိတက် မန်နေ ဂျင်းဒါရိုက်တာ ဦးစောနေဗလုက တရားလိုပြုလုပ်၍ ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၄၂ (မတရားချုပ်နှောင်ထားမှု အတွက် ပြစ်ဒဏ်)၊ ပုဒ်မ ၃၅၆ (တစ်ဦးတစ်ယောက်သောသူကို မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် လက်ရောက်မှု ကျူးလွန်ခြင်း (သို့တည်းမဟုတ်) ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကို ပြုခြင်း၊ ပုဒ်မ ၁၁၄ (ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်း)၊ ပုဒ်မ ၃၄ (အကြံတစ်ခုကို အထမြောက် စေခြင်းငှာ တစ်ဦးထက်ပိုသော သူများပြုခြင်း)တို့ဖြင့် အမှုဖွင့် ထားသည်။ သို့သော် တရားလိုကို လည်း လက်နက်ကိုင်ဆောင်မှု ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
‘‘အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရားလို ဦးစောနေဗလုက ကိုလွင်မိုးနဲ့ ကျန်တဲ့နှစ်ယောက်ကို အမှုလာဖွင့်ထားတယ်။ ကျွန် တော်တို့က ရဲအရေးပိုင်အမှုနဲ့ အမှုဖွင့်ထားပေးတယ်။ အဲဒီကိစ္စတွေကို ဂျာနယ်တွေမှာလည်း ဖော်ပြထားပေးတယ်။ တရားလို ကိုလည်း လက်နက်ကိုင်ဆောင်မှုနဲ့ တရားစွဲထားပါတယ်။ သူတို့ တရားရင်ဆိုင်နေရဆဲပါပဲ။ ကိုလွင်မိုးတို့ကလည်း ဥပဒေအတိုင်း ပြန်ဖြေရှင်းမယ်ဆိုတာ ပြောထားပြီးသားပါ’’ဟု သထုံ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး နန္ဒဝင်းက ပြောသည်။
‘‘အဲဒါနဲ့ပတ်သက်ပြီး ဘာ ပြောချင်လဲဆိုတော့ ကိုယ်နဲ့တိုက် ရိုက်မပတ်သက်ဘူး။ အရင်ခြံရှင် နဲ့ပတ်သက်တဲ့ကိစ္စ၊ အခုလက်ရှိ တရားစွဲထားပါတယ်ဆိုတဲ့လူက လည်း လက်နက်မှုတွေနဲ့ အချုပ် ထဲရောက်နေပြီလေ။ အဲဒီတော့ ကိုယ့်အနေနဲ့ကတော့ တရားဥပ ဒေအတိုင်း ဆောင်ရွက်မှုလိုချင် တယ်။ ဒါပေမဲ့ ကိုယ်နဲ့တော့ တိုက်ရိုက် ပတ်သက်မှုမရှိဘူး။ တစ်ဖက်လူကတော့ ကိုယ့်နာမည် ကို အသုံးချပြီး တရားစွဲဆိုမှုတွေ လုပ်တဲ့အတွက်တော့ ဒါလေးက ကိုယ့်အတွက် တော်တော်လေးခံ ရခက်တယ်။ နောက်ပြီး ဒီလိုနေ ရာမျိုးမှာ ထင်တိုင်းကြဲပြီး လာ လုပ်ခွင့်ရနေတာကလည်း အစ်ကို တို့လို စီးပွားရေးတိုးချဲ့ဖို့ စဉ်းစား တဲ့သူတွေအတွက်လည်း ဒီလိုမျိုး တွေက နောက်ဆိုရင် ခေါင်းထဲ ထည့်ပြီး စဉ်းစားစရာဖြစ်လာတာ ပေါ့’’ဟု အဆိုပါကိစ္စနှင့် ပတ် သက်၍ လွင်မိုးက ပြောကြား သည်။
ထို့အပြင် လက်နက်များ၊ လူများနှင့် ဝင်ရောက်ဖမ်းဆီး သည်ဟု တိုင်တန်းသည့်အချက် နှင့်ပတ်သက်၍ လွင်မိုးက‘‘အစ်ကို့ မှာက လက်နက်နဲ့လူဆိုလို့ ရုပ်ရှင် ထဲက လူကြမ်းတွေပဲရှိတာ။ ကျန် တဲ့လူတော့မရှိဘူး’’ဟုပြောသည်။
အငြင်းပွားနေသည့် မြေနှစ် ဧကကို ၂၀၁၆ တွင် သရုပ်ဆောင် လွင်မိုးက ဝယ်ယူထားပြီး ကျူး ကျော်နေထိုင်သူများ ရှိနေသည် ဆိုကာ အောက်တိုဘာ ၁၂ ရက်က အမှုဖွင့်ထားကြောင်း သထုံ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
7 Days

Comments