လူကိုမကြည့်မိခဲ့ခြင်းရဲ့ ရလဒ်



၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လူကို မကြည့်ဘဲ ပါတီကို ကြည့်ပြီး မဲပေးကြဖို့ ဒေါ်စု တောင်းဆိုခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ လူကို မကြည့်နဲ့ဆိုတော့ NLD ပါတီဝင်တွေက ခြောက်ပြစ်ကင်း သဲလည်းစင်တွေလို့ ထင်စရာရှိတယ်။ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက ဒေါ်စုကလည်း သူ့လူတွေအတွက် အာမခံနိုင်သလို ပြောခဲ့တာဆိုတော့ ပြည်သူတွေကလည်း မဲပေးခဲ့ကြတာပေါ့။ ဒါပေမယ့် ဒေါ်စုကိုယ်တိုင် သူ့လူတွေကို သူမယုံဘူးဆိုတာ အစိုးရစဖွဲ့တဲ့အချိန်မှာ ၀န်ကြီးဌာန လေးနေရာလောက် ကို
သူတစ်ယောက်ထဲ ကိုင်ခဲ့တာက သက်သေဖြစ်ပါတယ်။
ဒါဆို လူကို မကြည့်ဘဲ ပါတီကိုကြည့်ပြီး မဲပေးပါဆိုတာက ဘာလဲ။ မဲရရုံသက်သက် ပြည်သူတွေကို လိမ်လည် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ Right to Recall ဥပဒေကို အသက်မသွင်း နိုင်ခဲ့ဘူး။ ဦးရွှေမန်းတို့အုပ်စုက သူတို့နေရာပျောက်မှာစိုးရိမ်လို့ အဲဒီဥပဒေမူကြမ်းကို ချောင်ထိုးထားခဲ့လို့ပဲ။ ဒီလိုအချိန်မှာ ဒေါ်စုရဲ့ လူကိုမကြည့်ဘဲ ပါတီကို ကြည့်ပြီးမဲပေးပါဆိုတာကို ပြည်သူတွေက ယုံစားမိခဲ့တယ်။ ဖခင်လုပ်သူရဲ့ မျက်နှာကြောင့်လည်း ယုံခဲ့ကြတာပေါ့။ ဒါကြောင့်လည်း လက်သန်းမှာ မှင်စွန်းခံပြီး အမှား တစ်ခုကို ကျူးလွန် မိခဲ့
ကြတယ်။
“ If you want to test a man's character, give him power ” ဆိုတဲ့ အမေရိကန် သမ္မတ Abraham Lincoln ရဲ့ အဆိုအမိန့်လိုပဲ NLD ပါတီက အမတ်တွေ၊ ၀န်ကြီးတွေ၊ ၀န်ကြီးချုပ်တွေရဲ့ အကျင့်စာရိတ္တကို အာဏာရပြီးနောက်မှာ ပိုသိလာရပါတယ်။ အစိုးရအဖွဲ့မှာရော၊ လွှတ်တော်အတွင်းမှာပါ အကျင့်စာရိတ္တ မကောင်းတဲ့ NLD ပါတီဝင်တွေရှိနေပေမယ့် ပြည်သူတွေအနေနဲ့ အဲဒီလူတွေကို ပြန်လည် ဖြုတ်ချပိုင်ခွင့် မရှိသေးဘူး။ လူကိုမကြည့်ပါနဲ့လို့ ပြောခဲ့တဲ့ ဒေါ်စုကိုယ်တိုင်လည်း ပြည်သူတွေရဲ့ နစ်နာမှုအတွက် ဘာမှ မလုပ်ပေးနိုင်ဘူး။
ဒီကိစ္စအတွက် သူမမှာ တာဝန်အပြည့်အ၀ ရှိနေပါတယ်။
ဥပမာ- သူတစ်ပါးမယားကို ကြာကူလီရိုက်နေတဲ့ လွှတ်တော်အမတ် ဒေါက်တာ စိုးမိုးသူကို ပါတီစည်းကမ်း အရ အရေးယူပါမယ်လို့ NLD ပါတီက ပြောထားတယ်။ ယုတ်စွအဆုံး ဒေါက်တာ စိုးမိုးသူကို NLD ပါတီ ထဲက ထုတ်ပယ်လိုက်
တယ်ပဲ ထားပါဦး။ သူဟာ လွှတ်တော်သက်တမ်း ၅ နှစ်မပြည့်မချင်း
လွှတ်တော် ထဲမှာ ဆက်ထိုင်ခွင့်ရှိနေပြီး ပြည်သူ့ ဘဏ္ဍာကို အလကားယူနေဦးမယ့်သူအဖြစ် ရှိနေဦးမှာပါပဲ။ ဒါက ဥပမာ တစ်ယောက်ပဲ ပြောထားတာပါ။ သူလိုလူတွေ(NLD ပါတီဝင်) လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲမှာ အများကြီး ရှိနေပါတယ်။
ဒေါ်စုရဲ့ လူကိုမကြည့်ပါနဲ့ဆိုတဲ့ စကားကြောင့် ပြည်သူတွေဟာ ဒီလို အကျင့်စာရိတ္တမကောင်းတဲ့သူတွေကို မဲပေးမိခဲ့ကြတာဖြစ်ပါတယ်။ ဒီအတွက် ဒေါ်စုမှာ အပြည့်အ၀ တာဝန်ရှိပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတာ သူမ
သုံးနေကြ လက်သုံးစကားဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တာဝန်ရှိတယ်လို့ ခံယူတယ်ဆိုရင် သူမ ကိုယ်တိုင် နှုတ်ထွက်မလား။ ဒါမှမဟုတ် သူမအာမခံခဲ့တဲ့
သူတွေကို ပြည်သူတွေက ဖြုတ်ချခွင့်ရှိအောင် Right to Recall ဥပဒေကို
အသက်ဝင်အောင် လုပ်ပေးမလား။ တာဝန်ယူမှု တာဝန်ခံမှု ရှိတယ်ဆိုရင်
ပေါ့လေ။
သေချာတာကတော့ မကြာခင်မှာ ကျင်းပမယ့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေး
ကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ လူကိုကြည့်ပြီး မဲပေးသင့်ပြီလို့ ထင်ပါတယ်။ သူများပြောစကားကို နားယောင်နေလို့ မရတော့ဘူး။ နှစ်ခါ မှားရင် ကိုယ်
အသုံးမကျသလို ဖြစ်သွားမယ် မဟုတ်လား။
မင်းကို

Comments