အမေရိကတွင်ပြုလုပ်မည့် Miss International Hollywood Beauty Queen ပြိုင်ပွဲတွင် အလှမယ်လင်းကလျာဦး အာရှကိုယ်စားပြုယှဉ်ပြိုင်မည်


မယ်စကြ၀ဠာ မန္တလေး1st Runner Up ဆုရှင် လင်းက လျာဦးသည် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် Miss Asia Noble Queen International 2016 ပြိုင်ပွဲ၌ သရဖူရရှိခဲ့၍ အမေရိကတွင် ပြုလုပ်မည့် Miss International Hollywood Beauty Queen 2016 ပြိုင်ပွဲသို့ အာရှကိုယ်စားပြုအလှမယ်အဖြစ်သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Miss Asia Noble Queen International 2016 ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်က မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့ပြီး အာရှဒေသအတွင်းရှိ အလှမယ် ၂၀ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ ရာ မြန်မာနိုင်ငံကိုယ်စားပြုအလှ မယ် လင်းကလျာဦးက သရဖူရရှိ ခဲ့ခြင်း ဖြစ်သည်။
‘‘Miss Universe Mandalay ပြိုင်တုန်းက Miss Asia Noble Queen က စီစဉ်သူတွေကလည်း ဒိုင်လုပ်တယ်။ အဲဒီတုန်းက ညီမ ကို သူတို့က သဘောကျတော့ ပြိုင်ဖို့ ကမ်းလှမ်းလို့ သွားပြိုင်ဖြစ်သွား တာပါ’’ဟု လင်းကလျာဦးက ပြောသည်။
ဟောလိဝုဒ်တွင်ပြုလုပ်မည့် Miss International Hollywood Beauty Queen 2016 ပြိုင်ပွဲအ တွက် စခန်းသွင်းလေ့ကျင့်ရန် နိုဝင်ဘာလလယ်ပိုင်းတွင် အမေရိကသို့ သွားရောက်မည်ဟု ဆိုသည်။
‘‘တာဝန်တော့ပိုကြီးသွား တာပေါ့။ မြန်မာတစ်ခုတည်းအ တွက်မဟုတ်ဘဲ အာရှတစ်ခုလုံး ကိုယ်စားပြုသွားရမှာဆိုတော့ ညီမအတွက် ဖိအားပိုများတယ်။ အ ကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်’’ ဟု လင်းကလျာဦးက ပြောသည်။
Miss Universe Mandalay 2016 ပြိုင်ပွဲသည် အလှမယ် လင်းကလျာဦး၏ ပထမဆုံးအတွေ့အ ကြုံဖြစ်ပြီး ပညာရေးအနေဖြင့် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပြင်သစ်အထူးပြုဖြင့် တတိယနှစ်ဖြေ ဆိုထားသည်။
7 Day

Comments