- Get link
- X
- Other Apps
31.12.2017

ဒီပွဲနိုင်လိုက်တဲ့အတွက် သူဟာ ကမ္ဘာ့အဆင့် ၁ လူငယ်ဂေါက်သီးကစားသမား လည်းဖြစ် လာခဲ့ပါတယ်။ ဒီလိုအနိုင်ရပြီး၊ ကမ္ဘာ အဆင့် ၁ လူငယ် ကစားသမားဖြစ်လာတာနဲ့ ပတ်သက်ပြီး ကိုဟိန်းစည်သူက ဗွီအိုအေကို ပြောပြပါတယ်။
" ဒီလိုရတာကိုတော့ တအားဝမ်းသာတယ် ဘာဖြစ်လို့လဲဆိုတော့ ချန်ပီယံအဖြစ်တင်မကဘူး။ World Junior Golf မှာ နံပတ်ဝမ်းအထိ တက်သွားတယ်ဆိုတော့ ဂုဏ်ပုဒ်အထိ Accomplish ဖြစ်သွားတာပေါ့။ ဒီလိုမျိုးဖြစ်ဖို့လည်း ကျနော် တော်တော်ကြိုးစားလိုက်ရပါတယ်။ တစ်လလောက်ကြိုပြီးတော့လေ ကျနော်က ရန်ကုန်မှာ ဒီပွဲစဉ်အတွက်ကို ဒီPractice ကို နေ့တိုင်း ရိုက်တယ် မနက်ကနေ ညအထိ ရိုက်တယ် ဒီပွဲက အရေးကြီးတယ်ဆိုတော့။ ဒီအမေရိကားရောက်တော့ ကျနော် အော်လန်ဒိုမှာနေတော့ ကျနော် နေ့တိုင်းသွားသွားရိုက်တယ် ဒီပွဲအတွက်ပေါ့။ ဒီမှာနဲ့ အသားကျသွားအောင် အဲ့မှာလေ့ကျင့်တာပေါ့ "
ဒီပြိုင်ပွဲမှာ အိုက်စလန်နိုင်ငံက Sidgurdur Gardarsson နဲ့ အမေရိကန်က James Ballato တို့က ၂၂၃ ချက်နဲ့ ပူးတွဲဒုတိယရခဲ့ကြပါတယ်။

ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ ကျော်က လူငယ်ဂေါက်သီးအားကစားသမားပေါင်း ၅၀ ကျော် ၀င်ပြိုင်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ ကိုဟိန်းစည်သူအပါအ၀င် ကိုကောင်းမြတ်ကျော်၊ ကိုဖြိုးဇံ နဲ့ကိုမင်းသန်းလွင်အောင်တို့လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ အဆင့် ၂၉ ၊ ၃၁ နဲ့ ၃၂ အသီးသီးချိတ်ခဲ့သလို၊ အမျိုးသမီးဘက်မှာတော့ မဖူးပွင့်ရတီခိုင်က အဆင့် ၉ ရခဲ့ပါတယ်။
- Get link
- X
- Other Apps
Comments
Post a Comment