- Get link
- X
- Other Apps
31.12.2017

NLD ပါတီ ဗဟိုကော်မတီ အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေးမှာ သဘာပတိအဖြစ်ဆောင်ရွက် ခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အစိုးရဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စား လှယ်များမှ အစိုးရစီမံကိန်းများကို ၎င်းတို့နှင့် အဆင်ပြေသော၊ နီးစပ်သောသူများအား လုပ်ကိုင်ခွင့် ပေးတဲ့ အလေ့အကျင့်တွေကိုဖျောက်ဖို့ ပြောကြားခဲ့တယ်လို့ သိရတယ်။
ဝန်ကြီးချုပ်ပြောတဲ့စကားဟာ အကြောင်းမသိတဲ့သူတွေအတွက်ကတော့ ဟုတ်ချင်ဟုတ်နေပါ လိမ့်မယ်။ ချီးကျူးထောပနာပြုကြလိမ့်မယ်..။ ဝန်ကြီးချုပ်အကြောင်းသိတဲ့ သူတွေအတွက် ကတော့ အရမ်းကို ရယ်စရာဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရစီမံကိန်းတွေကို လုပ်ပိုင်ခွင့် ချပေးနေတာ အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမဟုတ်ဘဲ ဝန်ကြီးချုပ် ကိုယ်တိုင် လုပ်နေတာလေ။ ဒါကိုဘာကိစ္စဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှဲချရတာလဲ။ ဝန်ကြီးချုပ် မျက်နှာပြောင်တိုက် မရှက်တတ်တာကို အံ့သြလွန်းလို့..။
တခြားတိုင်းနဲ့ပြည်နယ်တွေကိုတော့မပြောတော့ပါဘူး၊ ရှည်နေမှာစိုးလို့။ ဝန်ကြီးချုပ် ရဲ့ မွန်ပြည်နယ် မှာပဲ ကြည့်ပါ။ အစိုးရစီးပွားရေးလုပ်ငန်းတွေနဲ့ စီမံကိန်းတွေအားလုံးကို တစ်မြို့တည်းသား လည်းဖြစ်၊ ယခင်ကလဲ ကျေးဇူးမကင်းခဲ့တဲ့ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် နေထက်သိန်းနိုင်ကို အားလုံး ပုံချပေးခဲ့တယ်။ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်က ရိုးရိုးလေး ဟိုတယ်ရဲ့ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားတဲ့ ဟိုတယ်အခန်း ၁၀၆ ခန်းကို တစ်လအတွင်း ဖျက်သိမ်းဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာကို မလိုက်နာခဲ့လို့ မြန်မာနိုင်ငံ ဥပဒေပုဒ်မ ၁၉(က)နဲ့ လုပ်ငန်း လိုင်စင်ကို ပယ်ဖျက်ဖို့ဆုံးဖြတ်ခဲ့တာကိုတောင်မှ ဝန်ကြီးချုပ်က ရိုးရိုးလေး ဘက်ကနေ ရပ်တည်ပေးခဲ့တယ်။
ယခင်တုန်းက မွန်ပြည်နယ်ကို ဝင်လိုက်ပြီဆိုတာနဲ့ စိမ်းလဲ့တင်ရဲ့ကြော်ငြာဘုတ်မှာ တိရစ္ဆာန်ပုံ လေးတွေနဲ့ ကြော်ငြာထားရာကနေ အခုဝန်ကြီးချုပ် လက်ထက်ရောက်တော့ တိရစ္ဆာန်လေး တွေနေရာမှာ ဝန်ကြီးချုပ်ပုံကြီးဖြစ်နေပြီလေ။ ဝန်ကြီးချုပ်လက်ထက်မှာ တိရစ္ဆာန်တွေကိုတောင် နေရာမပေးတော့ဘူး မဟုတ်လား။ ဒါကိုတောင်မှ ခုလိုစကားမျိုး ပြောထွက်တယ်ဆိုတော့ ကြားရတာ ရယ်ချင်မိတယ်။ မျက်နှာပြောင် တိုက်လွန်းရာကျနေပြီ။ ငါက သဘာပတိ ပဲဆိုပြီး အာဏာရှင်ဆန်ဆန် ပြောချင်ရာပြော လုပ်ချင်ရာလုပ်နေတာ။
တကယ်တမ်း လုပ်ကိုင်ခွင့်တွေချပေးနေတာက ဝန်ကြီးချုပ်ကိုယ်တိုင်ပါ၊ ကိုယ့်အပြစ်တွေကို ဖုံးဖိ ချင်တာနဲ့ပဲ အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှဲချနေသေးတယ်။ သူတစ်ပါးကို ပြောနေမယ့်အစား ဝန်ကြီးချုပ်ကိုယ်တိုင် ဆင်ခြင်လို့ပဲ ပြည်သူ့ရာဇသံ ပြန်ပေးလိုက်မယ်။ ဝန်ကြီးချုပ်ရဲ့ တခြားအကြောင်းတွေသိထားတာ အများကြီးရှိသေးတယ်နော်။ အပြောအဆို လေးတော့ သတိထားပေါ့။
သုတ
Comments
Post a Comment