သပိတ်မှောက်ဆန္ဒပြခြင်းသည် ယဉ်ကျေးမှုတစ်ခုကဲ့သို့ဖြစ်နေကြောင်း NLD အမတ်များ ဝေဖန်

Image may contain: 3 people, people standing and hat

Photo - ယခင်အစိုးရလက်ထက်များက NLD ပါတီဝင်များ ဆန္ဒပြခဲ့ကြစဉ်


မြန်မာနိုင်ငံတွင် သပိတ်မှောက်ခြင်းသည် ယဉ် ကျေးမှုတစ်ခုကဲ့သို့ဖြစ်နေ သဖြင့် ယင်းကဲ့သို့ ဆောင်ရွက်မှုများ ကြောင့် ရင်းနှီးမြှုပ်နှံရန်မည်သည့် လုပ်ငန်းရှင်မျှ စိတ်ဝင်စားတော့ မည်မဟုတ်ကြောင်း NLD အမတ်အချို့က ဝေ ဖန်လိုက်သည်။
‘‘ကျွန်တော်တို့ဆီက တချို့ သူတွေက ညှိနှိုင်းမှုအဆင့်ဆင့် မလုပ်ဘဲနဲ့ တစ်ခုခုပြဿနာတက် ပြီဆိုရင် သပိတ်အရင်ဆုံးထ မှောက်ပါတယ်။ ဒါဟာယဉ်ကျေး မှု တစ်ခုလိုဖြစ်လာပါတယ်။ အ လုပ်သမားများနဲ့ လုပ်ရတဲ့ လုပ် ငန်းတွေဟာ သပိတ်မှောက်မှုတွေ နဲ့ပဲ ရင်ဆိုင်ရနေမယ်ဆိုရင် ဘယ် လုပ်ငန်းရှင်မှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး’’ဟု NLD ပါတီမှ
ကော လင်းမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ပြောသည်။
သပိတ်မှောက်ဆန္ဒပြမည် ဆိုပါက အလုပ်ရှင်များက ဥပဒေ ချိုးဖောက်၍ ဆန္ဒပြရခြင်း၊ အ ကျိုးစီးပွားအပေါ် ကြည့်၍ ဆန္ဒ ပြခြင်းများရှိပြီး ပြရသည့်အ ကြောင်းရင်းကို ဆန်းစစ်ရန်လို အပ်ကြောင်း မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုနောင် အောင်က ပြောသည်။
‘‘တကယ်လို့သာ ဥပဒေချိုး ဖောက်တာတို့ လူသားမဆန်စွာ ဆက်ဆံတာ တို့၊ ဒါမျိုးကြောင့် သပိတ်မှောက်ကြတယ်ဆိုရင် အစိုးရယန္တရားက ဒီထက်ပိုအ လုပ်လုပ်ဖို့ လိုအပ်ပါတယ်’’ဟု ၎င်းကပြောသည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ခြင်းကို အလုပ်ရှင်အ လုပ်သမားနှစ်ဖက် အဆင်ပြေ သည့် နှုန်းထားသတ်မှတ်ရန် လိုအပ်ကြောင်းလည်း ၎င်းကပြော သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုများ ၀င်ရောက်စေရန် စိန်ခေါ် မှုများရှိနေပြီး ပြည်တွင်းပြဿနာ အချို့ကြောင့် နိုင်ငံတကာတွင် ပုံရိပ်ကျခြင်းက ထိခိုက်မှုအလွန် ကြီးမားကြောင်း ဦးမျိုးဇော်အောင် က ပြောသည်။
ရင်းနှီးမြှုပ်နှံမှုဝင်ရောက်စေ ရန် အားသာချက်များ ရှိသကဲ့သို့ အားနည်းချက်အနေဖြင့် ကျွမ်းကျင်အလုပ်သမား ရှားပါးခြင်း၊ မြေဈေးကြီးခြင်း၊ လျှပ်စစ်မီး မလုံလောက်ခြင်း မူဝါဒတည်ငြိမ်ရန် လိုအပ်ခြင်း၊ အကျင့်ပျက်ခြစားမှု များခြင်း စသည့်အချက်များ ကြောင့်ဖြစ်ကြောင်း ဦးမျိုးဇော် အောင်က ထောက်ပြပြောဆို သည်။
ယင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးက ဆွေး နွေးပြီး မှတ်တမ်းတင်စောင့်ကြည့် ရန် ပြည်သူ့လွှတ်တော်က ဆုံး ဖြတ်ခဲ့သည်။
#7Day

Comments