ရှေ့ နေတွေက ဥပဒေ အဓိကမထားပဲ ချစ်ခြင်းမုန်းခြင်း အဓိကထားတယ်လို့ပြောဆိုပြီး သူတော်ကောင်းကိုစော်ကားတဲ့သူတွေ ထမင်းဝအောင်စားထားလို့ ပြောဆိုထားတဲ့ ဗီဒီယိုဖိုင် တစ်ခု ဦးဝီရသူ ထုတ်လွှင့်
- Get link
- X
- Other Apps
မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဦးဝီရသူဟာ မနေ့ (ဖေဖေါ်ဝါရီ ၆ရက်)က ထမင်းဝအောင်စားထား ဆိုပြီး ခေါင်းစဉ်တပ်ဟောကြားထားတဲ့ ၇ မိနစ်ကြာ ဗီဒီယိုဖိုင်တစ်ခုကို သူ့ ရဲ့ ယူတူဘ် ချန်နယ် Wira Thu Masoeyein အကောင့်ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်မှာ ဦးဝီရသူက ဦးကိုနီ နဲ့ ကိုနေ၀င်းကို သတ်ခဲ့တဲ့ ဘုရားခိုးမှုနဲ့ ထောင်ကျခံခဲ့ရဖူးသူ လူသတ်သမား ကြည်လင်းကို ထောက်ခံတဲ့အနေနဲ့ သူ့ ကိုယ်သူ ကြည်လင်း ဆရာတော်လို့ ခေါ်ဝေါ်ရေးသားပြီး ဟောပြောခဲ့ပါတယ်။ ဦးဝီရသူက သူ့ ရဲ့ ဗီဒီယိုထဲမှာ”ရှေ့ နေရဲ့ အလုပ်က ၂ မျိုးပဲရှိတယ်။ ကိုယ့်ကိုပိုက်ဆံပေးထားတဲ့သူကို အပြစ်ရှိရင် လွတ်အောင် လုပ်ရတဲ့ အလုပ်နဲ့ ကိုယ်အလိုမကျတဲ့သူကို ထောင်မကျကျအောင် ချရတဲ့အလုပ်။ ဒါပဲမဟုတ်လား၊ခင်ဗျားတို့ မှာ ဥပဒေအဓိက မဟုတ်ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်းက အဓိကပါ။ခင်ဗျားတို့ အလိုမကျတဲ့သူတွေကို ပုဒ်မမျိုးစုံတပ်ပြီး ထောင်မကျကျအောင်ချဖို့ ကြိုးစားကြမယ်။ခင်ဗျားတို့ ကို ပိုက်ဆံပေးထားတဲ့သူဆိုလို့ ရှိရင် ကြီးတဲ့အမှုကို သေးအောင်၊ သေးတဲ့အမှုကို ပပျောက်သွားအောင်လုပ်မယ်။ဒါပဲမဟုတ်လား။” လို့ ပြောဆိုမေးခွန်းထုတ်ထားပါတယ်။ အဲ့နောက် ဦးဝီရသူက ”ပြောလိုက်မယ်။ သူတော်ကောင်းကို စော်ကားတဲ့သူတွေ ထမင်းဝအောင်စားထား၊သံဃာတော်ကို ပြစ်မှားတဲ့သူတွေ ထမင်းဝအောင် စားထား၊တရားပွဲ ပိတ်ပင်၊နှောက်ယှက်သူတွေ ထမင်းဝအောင်စားထား ” လို့ ပြောဆိုပြီး အဆုံးသတ်မှာ ‘၀ီရသူ မစိုးရိမ် ကြည်လင်းဆရာတော်” လို့ သူ့ ကိုယ်သူ ပြောပြီး ဗီဒီယိုကို အဆုံးသတ်ထားပါတယ်။ ဦးဝီရသူရဲ့ ဖေ့ဘုတ်အကောင့်တွေကို ပြီးခဲ့တဲ့လက ဖေ့ဘုတ်ရုံးက အပြီးဖျက်သိမ်းခဲ့ပါတယ်။
By – မင်းသက်နိုင်
#MUNA
- Get link
- X
- Other Apps
Comments
Post a Comment